သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိထားသော မီးသွေးအိတ်များရောင်းချရန် လေလံခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သစ်တောထွက်ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: August 4, 2020 - August 10, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်း ဖမ်းဆီးရမိသော အောက်ဖော်ပြပါပုံစံ (၈) ၀င် မီးသွေးအိတ်များအား မူဆယ်ခရိုင်ရုံး၊ သစ်တောဦးစီးဌာန၊ မူဆယ်မြို့ (ချယ်ရီခန်းမ) ၌ (၁၀-၈-၂၀၂၀) ရက် နံနက် ၁၀ နာရီတွင် မျက်မြင်အခြေအနေအတိုင်း Covid-19 ရောဂါကြိုတင်ကာကွယ်‌ရေးအတွက် ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။

(က) မူဆယ်မြို့နယ်၊ မီးသွေးအိတ် (၂၈၀) အိတ် (၂၉.၈၆၆၇) တန်

(ခ) နမ့်ခမ်းမြို့နယ်၊ မီးသွေးအိတ် (၃၁၀) အိတ် (၄၁.၁၁၀၀) တန်

(ဂ) ကွတ်ခိုင်မြို့နယ်၊ မီးသွေးအိတ် (၁၉၁၈) အိတ် (၂၉၃.၂၇၃၃) တန်

၂။ လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် မူဆယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်ဦးစီးဌာနအဖွဲ့ရုံးတို့တွင် (၄-၈-၂၀၂၀) ရက်မှစ၍ ၀ယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ မူဆယ်မြို့၊ ဖုန်း - ၀၈၂-၅၁၅၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

ဥက္ကဌ

လေလံတင်ရောင်းချရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us