မြို့နယ်ဖွံ့ဖြိုးရေးအထောက်အပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း (ဂွမြို့နယ်)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: August 2, 2020 - September 2, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

ရခိုင်ပြည်နယ်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် UNDP ၏ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ အစီအစဥ်အောက်မှ ရန်ပုံငွေများကို လက်ခံရရှိပြီး ထိုရန်ပုံငွေတစ်စိတ်တစ်ဒေသကို အောက်ဖော်ပြပါမြို့နယ်ရှိ အောက်ပါစီမံကိန်းအတွက် ခွဲ‌ဝေချထားပေးပါသည်။

ဂွမြို့နယ်

စိတ်ပါ၀င်စားသည့်ကုမ္ပဏီများသည် အောက်တွင်ဖော်ပြထားသည့် အချိန်နှင့်နေရာတွင် တင်ဒါစာရွက်စာတမ်းများကို အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါစာရွက်စာတမ်းများကို ၀ယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစျေးနှုန်းဖြင့် ၀ယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းသူများအားလုံးသည် တင်ဒါစာရွက်စာတမ်းတွင် အသေးစိတ်ဖော်ပြပါရှိသည့် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များ မိမိတို့ပြည့်ညီကိုက်မှီသည်ကို မှန်ကန်ကြောင်း အတည်ပြုရန် တာ၀န်ရှိပါသည်။

ဝယ်ယူသည့်ဌာန            -           (၁) မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂွမြို့နယ်

(၂) မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂွမြို့နယ်

တာ၀န်ခံအရာရှိ              -           (၁) ဦးစော၀င်း၊ လက်ထောက်ညွှန်ကြားရေးမျူး (နည်းပညာ)၊ မြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂွမြို့နယ်။

ဖုန်း ၀၉ ၂၅၃၄၆၄၀၂၈

(၂) ဦးအောင်မင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ - ၂၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂွမြို့နယ်၊ ဖုန်း-၀၉-၂၆၁၁၂၃၄၇၉

တည်ဆောက်မှုလုပ်ငန်း              -

Lot (1) ‌ရေကျော်-ပလ္လင်မော်လမ်း 8km)အား (6.1m) အကျယ်ရရှိရန်နှင့် အတက်အဆင်းဖော်ပြချက် မတ်စောက်သောနေရာများအား မြေသားလမ်းပြုပြင်ပေးခြင်း၊ (4.27m) အကျယ် (150mm) ထု ချောင်းကျောက်စရစ်ဖြင့် အမာခံလမ်းခင်းပေးခြင်း၊ လမ်းဘေးရေ‌မြောင်းတူးဖော်ပေးခြင်း

Lot (2)  စေတီကွင်းရွာပတ်လမ်း၊ မြေသားအမာခံလမ်းပြုပြင်၍ အမာခံ ဗြုန်းကျောက်ခင်းခြင်းနှင့် B0X Culvert (၁) ခု တည်ဆောက်ခြင်း၊ ကြွေချိုင်ကျေးရွာ ရေရရှိရေး ‌ရေကန် ၂ ကန် ပြုပြင်ခြင်းနှင့် ရေစုကန်တည်ဆောက်ခြင်း၊ စက်ရေတွင်း (၂) တွင်း တူးဖော်ခြင်း (သပြုချောင်း၊ ဒယ်ပုတ်ကျေးရွာ)

တည်ဆောက်မည့်နေရာ              -

Lot (1)ရေကျော်၊ ကျင်းကြီးကျေးရွာအုပ်စုမှ ရေကျော်၊ ကျင်းကြီး၊ ဂျိုင်းကြီး၊ ပလ္လင်မော်‌ကျေးရွာများ

Lot (2) စေတီကွင်းနှင့် ကြွေချိုင်ကျေးရွာအုပ်စုမှ စေတီကွင်း၊ ကြွေချိုင်၊ သပြုချောင်း၊ ဒယ်ပုတ်ကျေးရွာများ

အရည်အသွေးစံချိန်စံညွှန်းများ                  -    ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ

၀ယ်ယူမှုနည်းလမ်း                                 -    အကီးစားလုပ်ငန်း၊အလတ်စားလုပ်ငန်း။

အရည်အချင်းသတ်မှတ်ချက်များ               -   *ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရမည်။

  • * လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ် ရှိရမည်။
  • *အရည်အချင်းမီ အင်ဂျင်နီယာ၀န်ထမ်းများရှိရမည်။
  • *အလားတူကန်ထရိုက်အနည်းဆုံး (၂) ခုကို ဆောင်ရွက်ဖူးရမည်။
  • * ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။
  • * (ယခင်နှစ်များ) ၏ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ထားရမည်။
  • * သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
  • * တင်ဒါစာရွာစာတမ်းထဲရှိ အခြားလိုအပ်ချက်များ ပြည့်စုံရမည်။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်နေရာ        -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဂွမြို့နယ်။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်အချိန်        -           ၂-၈-၂၀၂၀ မှ ၁-၉-၂၀၂၀ အထိ ရုံးဖွင့်ရက်များ,နံနက် ၁၀:၀၀ နာရီ မှ ညနေ ၁၆:၃၀ နာရီအထိ

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ               -           အကြီစား (၁၀၀၀၀) ကျပ်၊ အလတ်စား (၅၀၀၀) ကျပ်

တင်ဒါတင်သွင်းရမည့်နေရာ                     -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဂွမြို့နယ်။

တင်ဒါတင်သွင်းရမည့်သတ်မှတ်ထားသော နောက်ဆုံးအချိန် -           ၂-၉-၂၀၂၀ရက်၊ နံနက် ၁၀:၃၀ နာရီ

 

ဦးစော၀င်း၊ လက်ထောက်ညွှန်ကြားရေးမျူး (နည်းပညာ)၊

မြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂွမြို့နယ်။

 

ဦးအောင်မင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ - ၂၊

မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဂွမြို့နယ်။

 

 

၂ သြဂုတ် ၂၀၂၀ ပြည့်နှစ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us