ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း လမ်းပြုပြင်ခြင်းနှင့် Box Culvert (၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: August 5, 2020 - September 4, 2020
တည်နေရာ: ရခိုင်ပြည်နယ်
Description
- :

ရခိုင်ပြည်နယ်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် UNDP ၏ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ အစီအစဥ်အောက်မှ ရန်ပုံငွေများကို လက်ခံရရှိပြီး ထိုရန်ပုံငွေတစ်စိတ်တစ်ဒေသကို အောက်ဖော်ပြပါမြို့နယ်ရှိ အောက်ပါစီမံကိန်းအတွက် ခွဲ‌ဝေချထားပေးပါသည်။

ပေါက်တောမြို့နယ်

စိတ်ပါ၀င်စားသည့်ကုမ္ပဏီများသည် အောက်တွင်ဖော်ပြထားသည့် အချိန်နှင့်နေရာတွင် တင်ဒါစာရွက်စာတမ်းများကို အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါစာရွက်စာတမ်းများကို ၀ယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစျေးနှုန်းဖြင့် ၀ယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းသူများအားလုံးသည် တင်ဒါစာရွက်စာတမ်းတွင် အသေးစိတ်ဖော်ပြပါရှိသည့် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များ မိမိတို့ပြည့်ညီကိုက်မှီသည်ကို မှန်ကန်ကြောင်း အတည်ပြုရန် တာ၀န်ရှိပါသည်။

 

ဝယ်ယူသည့်ဌာန            -           ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပေါက်တောမြို့။

တာ၀န်ခံအရာရှိ              -           ဦးပြည့်ဖြိုးမောင်၊ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ)၊ ဖုန်း-၀၉-၄၂၁၇၁၂၅၆၅

ပေါက်တောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန။

 

တည်ဆောက်မှုလုပ်ငန်းဖော်ပြချက်           - ပေါက်တော-တောင်ညို-တောင်ဖူးလမ်း (9.5km)အား လိုအပ်သောနေရာများတွင် မြေသားလမ်းပခုံးဖို့ခြင်း၊ လမ်ပုံဖော်ခြင်း၊ လိုအပ်သောနေရာများတွင် မြေကြီးဖို့ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ ဗြုန်းကျောက်စရစ် (0.15m) ထုခင်းကြိတ်ခြင်းလုပ်ငန်း၊ (1.5km-1.7km) ကြား ကျောက်စီမြေကာနံရံ တည်ဆောက်ခြင်း၊ 2(76m)၊ (1.5mx7.32m) Box Culvert (၄)စင်း တည်ဆောက်ခြင်း

တည်ဆောက်မည့်နေရာ                          - ပေါက်တော-တောင်ညို-တောင်ဖူးလမ်း

အရည်အသွေးစံချိန်စံညွှန်းများ                  -    ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ

၀ယ်ယူမှုနည်းလမ်း                                 -    အကီးစားလုပ်ငန်း

အရည်အချင်းသတ်မှတ်ချက်များ               -   *ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ရမည်။

  • * လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ် ရှိရမည်။
  • *အရည်အချင်းမီ အင်ဂျင်နီယာ၀န်ထမ်းများရှိရမည်။
  • *အလားတူကန်ထရိုက်အနည်းဆုံး (၃) ခုကို ဆောင်ရွက်ဖူးရမည်။
  • * ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။
  • * ၂၀၁၉ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ပေးဆောင်ထားရမည်။
  • * တင်ဒါစာရွာစာတမ်းထဲရှိ အခြားလိုအပ်ချက်များ။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်နေရာ        -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါက်တောမြို့။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေး၊ ၀ယ်ယူနိုင်မည့်အချိန်        -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါက်တောမြို့။

(၅-၈-၂၀၂၀) မှ (၄-၉-၂၀၂၀) အထိ ရုံးချိန်အတွင်း

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ               -           ၁၀၀၀၀/-

တင်ဒါတင်သွင်းရမည့်နေရာ                     -           မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါက်တောမြို့။

တင်ဒါတင်သွင်းရမည့်သတ်မှတ်ထားသော နောက်ဆုံးအချိန် -           ၄-၉-၂၀၂၀ရက်၊ နံနက် ၁၀:၀၀ နာရီအထိသာ

 

ဦးပြည့်ဖြိုးမောင်၊ အငယ်တန်းအင်ဂျင်နီယာ-၁ (မြို့ပြ)၊

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန

ပေါက်တောမြို့။

 

၅ သြဂုတ် ၂၀၂၀ ပြည့်နှစ်ထုတ် မြန်မာ့အလင်းသတင်းစာ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us