မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က Sea Water Attached Pump (1) No ၀ယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ယာဉ်၊ စက်ကိရိယာနှင့် အပိုပစ္စည်း |
တင်ဒါကာလ: August 4, 2020 - August 20, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်မှုအင်ဂျင်နီယာဌာနမှ မှာကြားထားသော နတ်သား (၂) ရေယာဥ်တွင် အသုံးပြုရန်လိုအပ်နေသည့် Sea Water Attached Pump (1) No ၀ယ်ယူရေးကိစ္စအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ အဆိုပြုစျေးနှုန်းတွင် With Holding Tax 2% & Commercial Tax 5% အပါအ၀င်ဖြစ်ရန်နှင့် စာချုပ်တံဆိပ်ခေါင်းခွန်အတွက် ကုမ္ပဏီမှ ကျခံဆောင်ရွက်ပေးရမည်ဖြစ်သည်။ ဖော်ပြပါပစ္စည်းများကို ဌာနအရောက် ပေးပို့ရမည်ဖြစ်ပါသည်။

၂။ တင်ဒါတင်သွင်းရာတွင်ငွေကျပ် ၂၅၀,၀၀၀/-(ကျပ် နှစ်သိန်းငါးသောင်းတိတိ) ကို တင်ဒါစပေါ်ငွေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စာရင်းဌာနတွင် ၁၈-၈-၂၀၂၀ ရက်နေ့ (၁၅ ၀၀) နာရီ နောက်ဆုံးပေးသွင်းပြီး ဖြစ်ရမည်။ တင်ဒါစပေါ်ငွေပေးသွင်းထားသည့် ငွေရပြေစာမိတ္တူအား အိတ်ဖွင့်တင်ဒါနှင့်အတူ ပူးတွဲတင်ပြရမည်။

၃။ တင်ဒါတင်သွင်းရန် ပုံစံနှင့်တင်ဒါစည်းကမ်းချက်များကို (၄-၈-၂၀၂၀) ရက်နေ့မှစ၍ (၁၈-၈-၂၀၂၀) ရက်နေ့အတွင်း ဗဟိုပစ္စည်းထိန်းဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ဗိုလ်တထောင်ဘုရားအနောက်ဖက်၊ ကွန်ကရစ်လမ်း၊ Toll Gate အနီး၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းမြို့နယ်တွင် (ရုံးဖွင့်ရက်) ရုံးချိန်များ၌ တစောင်လျှင် ကျပ် (၂,၀၀၀/-) နှုန်းဖြင့် ၀ယ်ယူနိုင်ပါသည်။

၄။ တင်ဒါတင်သွင်းရမည့်နေရာ၊ နေ့ရက်နှင့်အချိန်တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) တင်ဒါတင်သွင်းရမည့်နေရာ -           မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရုံးချုပ်)၊ ဒုတိယထပ်၊ အစည်းအ‌​​ဝေးခန်းမ (၂)၊ အမှတ် (၁၀)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ (ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဟု လိပ်မူတင်သွင်းရန်ဖြစ်သည်)

(ခ) တင်ဒါတင်သွင်းရမည့် နောက်ဆုံးနေ့ရက်/အချိန် -           ၂၀-၈-၂၀၂၀ ရက်နေ့ (၁၄:၀၀) နာရီ

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us