ရန်ကုန်မြို့တော်ဂေါက်ကွင်း၏ စားသောက်ဆိုင်များ ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ဆိုင် ဖွင့်လှစ် ရောင်းချ/ ငှားရမ်းခြင်း လုပ်ငန်း |
တင်ဒါကာလ: August 10, 2020 - August 14, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းလုပ်ငန်းတာ၀န်ခံအဖွဲ့၊ မြေယာရှုခင်းနှင့် အားကစားကွင်းများ၊ မြို့တော်ဂေါက်ကွင်းရှိ အောက်ဖော်ပြပါ စားသောက်ဆိုင်များ၏ အငှားချထားခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၀န်ဆောင်မှု တင်ဒါစနစ် (တင်ဒါအောင်မြင်သူများကိုသာ စျေးနှုန်းယှဥ်ပြိုင်စေမည်ဖြစ်ပါသည်) ဖြင့် အငှားချထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

(က) ငွေသော်တာကွင်း ကလပ်ဟောက်စ်စားသောက်ဆိုင်နှင့် ကျင်းအမှတ် (၆၊၁၅) တို့ရှိ ကွင်းလယ်ဘားများ Lot No.(1)

(ခ) မြကန်သာကွင်း ကလပ်ဟောက်စ်စားသောက်ဆိုင်နှင့် ကျင်းအမှတ် (၄၊ ၁၃) တို့ရှိ ကွင်းလယ်ဘားများ Lot No.(2)

 

၂။ သို့ဖြစ်ပါ၍ တင်ဒါ၀င်ရောက်ယှဥ်ပြိုင်လိုသူများသည် တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို မြို့တော်ဂေါက်ကွင်းတွင် ၀ယ်ယူနိုင်ပြီး (၁၄-၈-၂၀၂၀) ရက်၊ ၁၆:၀၀နာရီ နောက်ဆုံးထား၍ မြို့တော်ဂေါက်ကွင်းသို့ အောက်ဖော်ပြပါ အချက်အလက်များနှင့်အတူ တင်ဒါတင်သွင်းလျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ်-၀၉-၄၉၄၄၅၄၆၅၊ ၀၉-၄၅၉၂၆၆၆၉၇ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြညာအပ်ပါသည်။

 

(က) စားသောက်ဆိုင်လုပ်ငန်းဖွင့်လှစ်ရောင်းချသည့် အတွေ့အကြုံ

(ခ) စားသောက်ဆိုင်တည်ခင်းရောင်းချမည့် စားပွဲ၊ ကုလားထိုင်အပါအ၀င် မီးဖိုခန်း၊ ကောင်တာစနစ်၊ ပစ္စည်းထားသိုခင်းကျင်းမှု

(ဂ) စားပွဲထိုး၀န်ထမ်းများ၏ ၀န်ဆောင်မှု

(ဃ) စားသောက်ကုန်ပစ္စည်းများနှင့် ၀န်ထမ်းများကျန်းမာရေးနှင့် ညီညွတ်မှု၊ အရည်အသွေး၊ အရည်အချင်း

(င) မျှတသက်သာသောနှုန်းထားဖြင့် ရောင်းချပေးနိုင်မှု

 

ရန်ကုန်မြို့တော်ဂေါက်ကွင်း ကြီးကြပ်ရေးအဖွဲ့

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us