သိမ်ဖြူကွင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် ဆရာစံပန်းခြံရှိ ဆိုင်ခန်းများကို အငှားချထားရန်တင်ဒါခေါ်ယူခြင်း (YCDC)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | မြေနှင့်အဆောက်အဦး ငှားရမ်း/ ရောင်းချ/ ဖျက်သိမ်းခြင်း လုပ်ငန်းများ |
တင်ဒါကာလ: August 10, 2020 - August 25, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေယာရှုခင်းနှင့် အားကစားကွင်းများလုပ်ငန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူကွင်းရှိ (၁၄'x၂၄') အကျယ် ဆိုင်ခန်းအမှတ်(၁၆)၊ ဒဂုံမိသစ် (တောင်ပိုင်း) မြို့နယ်၊ (၂၆) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ (၁၀'x၁၅')အကျယ် ဆိုင်ခန်းအမှတ်(A-11) နှင့် ဗဟန်းမိနယ်၊ ဆရာစံပန်းခြံရှိ (၂၀'x၂၂')အကျယ် ဆိုင်ခန်း အမှတ်(၄)အား တင်ဒါစနစ်ဖြင့်  အငှားချထားခြင်းကို အောက်ပါအစီအစဥ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။

(က) တင်ဒါခေါ်ယူမည့်ရက်         -           ၃-၉-၂၀၂၀ ရက်

(ခ) တင်ဒါခေါ်ယူမည့်အချိန်         -           (၁၃:၀၀) နာရီ

(ဂ) လျှောက်လွှာပိတ်မည့်ရက်     -           ၂၅-၈-၂၀၂၀ ရက်၊ (၁၆:၀၀) နာရီ

(ဃ) တင်ဒါခေါ်ယူမည့်နေရာ       -           မြို့တော်ခန်းမ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

၂။ လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များအား မြေယာရှုခင်းနှင့် အားကစားကွင်းများလုပ်ငန်း (ဦးဥတ္တမပန်းခြံ) ၌ ၀ယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း မြေယာရှုခင်းနှင့် အားကစားကွင်းများလုပ်ငန်း (ဖုန်း - ၀၉-၄၅၅၂၀၃၇၄၀) သို စုံစမ်းမေးမြန်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

 

၁၀ သြဂုတ် ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us