ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မင်္ဂလာဈေးအား နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ ( EOI ) ခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: စိတ်၀င်စားမှုအဆိုပြုလွှာ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: August 12, 2020 - September 15, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင်

မင်္ဂလာဈေးအား နိုင်ငံတကာအဆင့်မီ

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက်

စိတ်ဝင်စားမှုအဆိုပြုလွှာ ( EOI ) ခေါ်ယူခြင်း

၁။ ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မြို့မ မင်္ဂလာဈေးအား အဆင့်မြှင့်တင်ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ (၁၀၀%) ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းနှင့် ပုံစံများကို စိတ်ဝင်စားမှုအဆိုပြုလွှာတင်ပြရန် ကြော်ငြာခေါ်ယူအပ်ပါသည်။

၂။ ညောင်ရွှေမြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် မြို့မ-မင်္ဂလာဈေးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းမည့် ကုမ္ပဏီသည် အဆိုပြုမည့်ဒီဇိုင်း၊ အသေးစိတ်စီမံချက်နှင့်အတူ ( Power Point ) ဖြင့် ရှင်းလင်းတင်ပြနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ပါသည်။

၃။ အဆိုပြုလွှာစိစစ်ရွေးချယ်ရေး ကော်မတီအား မိမိလုပ်ငန်းပုံစံနှင့်ပက်သက်၍ သတ်မှတ်ရက်အတွင်း ရှင်းလင်းတင်ပြရမည်။

၎။ ရွေးချယ်ခံရသည့် အဆိုပြုလွှာများကိုသာ လုပ်ငန်းအပ်နှံဆောင်ရွက်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ရွေးချယ်သွားမည်ဖြစ်ပါသည်။

၅။ အဆိုပြုလွှာများကို ၁၅.၉.၂၀၂၀ ရက် ညနေ ၄း၀၀ နာရီ နောက်ဆုံးထား၍ စိစစ်ရွေးချယ်ရေးကော်မတီ (ညောင်ရွှေမြို့နယ်စည်ပင်သာယာရေးကော်မတီရုံး) သို့ လူကိုယ်တိုင်ဖြစ်စေ စာတိုက်မှဖြစ်စေ ပေးပို့တင်သွင်းနိုင်ပါသည်။

၆။ စိတ်ဝင်စားမှုအဆိုပြုလွှာ တင်သွင်းနိုင်ရန်အတွက် အသေးစိတ်အချက်အလက်များနှင့် လိုအပ်သည့် အချက်အလက်များကို ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွင် ရုံးချိန်အတွင်း ရယူနိုင်ပါသည်။ သိရှိလိုသည်များရှိပါက ဖုန်း- ၀၈၁-၂၀၉၀၀၆၊ ၀၈၁- ၂၀၉၃၉၁ တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံး၊ ညောင်ရွှေမြို့

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us