MM Tender
MMTender Website (www.mmtender.com) ကို DICA တွင် တရား၀င်မှတ်ပုံတင်ထားပြီးဖြစ်သော Hana Emi Co., Ltd မှ ၂၀၁၉ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လတွင် လုပ်ငန်းစတင်ခဲ့ပါသည်။

ရည်ရွယ်ချက်
MMTender Website တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ –

  • စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသော တင်ဒါအမျိုးအစားပေါင်းစုံကို တနေရာတည်းတွင် ကြည့်ရှုနိုင်စေရန်။
  • ‌အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြားမှာသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်း အချင်းချင်းကြားမှာ သော်လည်းကောင်း ပိုမိုကောင်းမွန်သော ဆက်ဆံရေးနှင့် ခိုင်မာသော ယုံကြည်မှုတည်ဆောက်နိုင်စေရန်။
  • မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ ယုံကြည်အားထားရသော တင်ဒါ၀က်ဘ်ဆိုဒ်တခုအဖြစ် ရပ်တည်ရန်..တို့ ဖြစ်ပါသည်။

ဝန်ဆောင်မှုများ
MMTender တွင် အစိုးရ၀န်ကြီးဌာနများ၊ သံရုံးများ၊ Ngo/INGO နှင့် ပုဂ္ဂလိကကုမ္ပဏီများ၏ တင်ဒါသတင်းအချက်အလက်များ အားလုံးကို လွယ်ကူလျင်မြန်စွာရှာဖွေနိုင်‌စေရန်အတွက် အစီအစဥ်တကျ စုစည်းပေးထားပါသည်။ ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းရှိရုံဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို တင်ဒါသတင်းများကို အခမဲ့ရယူနိုင်ပြီး ပြည်ပလုပ်ငန်းရှင်များအတွက်လည်း အဆင်ပြေစေရန် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားရှိပါသည်။ လိုအပ်ပါက (customercare@mmtender.com) သို့ အီးမေးလ်ပို့ပြီး ဂျပန်ဘာသာဖြင့်လည်း ရယူနိုင်ပါသည်။

MMTender Website တွင် တင်ဒါသတင်းများကို ၀င်ရောက်ဖတ်ရှုရုံသက်သက်သာမကဘဲ မိမိတို့အဖွဲ့အစည်း၊ ကုမ္ပဏီများမှ ခေါ်ယူလိုသော တင်ဒါများရှိပါက အခမဲ့ကြော်ငြာတင်နိုင်ပါသည်။ တင်ဒါကြော်ငြာတင်နိုင်ရန်အတွက် Account တခု ဖွင့်ထားရန်လိုအပ်ပါသည်။ ကြော်ငြာတင်ရာတွင် အခက်အခဲတစုံတရာရှိပါက customercare@mmtender.com  (သို့မဟုတ်) +959-26545 8006 သို့ ဆက်သွယ်၍ အကူအညီရယူနိုင်ပါသည်။

ဆက်သွယ်ရန်

PHONE NUMBERS

09 265 458 006

 

EMAIL ADDRESS

customercare@mmtender.com (for any inquiry)

marketing@mmtender.com (for advertisement)

ADDRESS

No. 225, Myay Tine Street, North Dagon Township,

Yangon